ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ


MNP - ဧပြီ    ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရျင်သန်ရေးအတွက် မတ်လ ၂၅ ရက်နေ့မှစ၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနကဆောင်ရွက်သော နွေရာသီအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့တွင် မြို့နယ်ရှိအားကစားကွင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ အားကစား စိတ်ဓါတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို အလေးပေး သင်ယူလေ့ကျင့်နိုင်စေရန်၊ နွေရာသီအားကစားသင်တန်း မှတဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်လေ့ကျင့် ပေးခြင်းဖြင့် ထူးချွန် ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသားရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစား သင်တန်းများကို သင်တန်းဆင်းပွဲအထိ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းတွင် ဘောလုံး၊ မြန်မာ့သိုင်း၊ အေရိုးဗစ်(မ)နှင့် ကြက်တောင် (ကျား/မ)စသည့် အားကစားနည်း(၄)မျိုးကို နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် တစ်နေ့လျှင် (၂)ကြိမ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၃၅)ဦးခန့်အား မတ် ၂၅ ရက်မှ ဧပြီ ၇ ရက်နေ့ထိ ၁၄ ရက် ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းထံမှ သိရသည်။

သတင်း - မျိုးမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)