သောက်သုံးရေများ လိုအပ်လျက်ရှိသည့် ကျေးရွာသို့ ထန်းတပင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သောက်သုံးရေများ သွားရောက် လှူဒါန်းပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သောက်သုံးရေများ လိုအပ်လျက်ရှိသည့် ကျေးရွာသို့ ထန်းတပင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သောက်သုံးရေများ သွားရောက် လှူဒါန်းပေး



MNP -  ဧပြီ   ၈     

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လာပါကလည်း  ကျေးရွာများအရောက် သွားရောက်ကာ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခြင်းကိုပါ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီသောက်သုံးရေ အခက်အခဲဖြစ်နေသည့် ငှက်သိုက်ကျေးရွာအုပ်စု၊ အပြင်သဲဖြူကျေးရွာ သို့လည်း ဧပြီလ (၆) ရက်နေ့၊ နံနက်ပိုင်းသွားရောက်ကာ ကျေးရွာနေပြည်သူများအား သောက်သုံးရေများကို သွားရောက်လှူဒါန်း ပေးခဲ့ကြကြောင်း သိရပြီး သောက်သုံးရေ ဂါလန် (၁၂၀၀) ကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ ဒုတိယမီးသတ် ဦးစီးမှူး ဦးမျိုးနိုင်ဦး၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်လှူပေးခြင်း ဖြစ်သည်။

ထန်းတပင်မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာများရှိမည် ဆိုပါကလည်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနသို့ လာရောက်ကာ အကူအညီတောင်းခံ နိုင်ကြောင်းလည်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်က ပြောသည်။

သတင်း - ဇင်မင်းထိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)