MNP - ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနရုံးမှ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို ဗဟို အ.မ.က(မူလွန်)ကျောင်းတွင် ဧပြီလ ၄ ရက်နေ့မှစ၍ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၏ အကူအညီဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်(၄)မှတ်တမ်းပါ အကြောင်းအရာများအား ကွန်ပျူတာဖြင့် eID စနစ်အတွင်းသို့ ရေးသွင်းရန် နတ်တလင်းမြို့နယ်တွင် စာရင်းရေးသွင်းရန်ဦးရေ ၁၈၈၅၃၀ ဦးရှိကြောင်း၊ ယမန်နေ့အထိ ၂၆၀၃၄ ဦးအား စာရင်းရေးသွင်းပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သူထံမှ သိရသည်။
နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား eID စနစ်အတွင်းသို့ ကွန်ပျူတာ Software အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများက ကူညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment