MNP ၊ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၁-၂၀၂၂ ခုနှစ် အောက်တိုဘာလမှ မတ်လ အထိ (၆) လဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့် ရုံးကြီးလမ်း ကွန်ကရိခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရိလမ်းကို ငွေကျပ် (၂၇၆ ဒသမ ၅) သိန်းဖြင့် အရှည် ၈၄၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၉ လက်မ ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင် အရာရှိ ဦးထွန်းမင်းသန့် ထံက သိရသည်။
သတင်း - စိုးဝေအောင်(ခင်ဦး)
https://t.me/MyanmarNationalPost
No comments:
Post a Comment