မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ








MNP - ဧပြီ   ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၄၆ မိနစ်က မန္တလေး၊ ချမ်းအေသာစံမြို့နယ်ရှိ မြို့တော်ခန်းမရှေ့တွင် ကျင်းပသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာဦးစီးဌာန၊ သံတော်ဆင့်အဖွဲ့မှ မဟာသင်္ကြန်စာ ဖတ်ကြားပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးနောက် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးမြို့တော်ဝန်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့က မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်နှင့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မန်းစည်ပင်ယိမ်းအဖွဲ့ နှင့် ကျောင်းသူ အင်အား ၅၀၀တို့က ယိမ်းအကဖြင့် ဖျော်ဖြေခဲ့ကြပြီးနောက် အခမ်းအနားကို တက်ရောက်လာသူများက အပြန်အလှန်ရေပက်ဖြန်ခဲ့ကြသည်။

ထို့နောက် ပုဂံခေတ်၊ အင်းဝခေတ်၊ ရတနာပုံခေတ်နှင် မျက်မှောက်ခေတ် ခေတ်(၄)ခေတ် ယဉ်ကျေးမှု ဖြင့် ဝတ်စားဆင်ယင်ထုံးဖွဲ့ထားသော လှပျိုဖြူများက အလှပြလှည်းယာဉ်များဖြင့် မန္တလေးမြို့တော် သင်္ကြန်မဏ္ဍပ်ရှေ့ ဖြတ်သန်းဂါဝရပြုခဲ့ပြီးနောက် ယင်းခေတ် ၃ ခေတ် ယဉ်ကျေးမှုဖြင့် ဝတ်စားဆင်ယင် ထုံးဖွဲ့ထားသော လှပျိုဖြူများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး နိုင်ငံကျော် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များက တေးဂီတအဆိုအကများ၊ ယိမ်းအက အလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်း - ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)