ဝေါမြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝေါမြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဧပြီ   ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်   ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝေါမြို့၊ အေးချမ်းသာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး မြို့မခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး မျိုးဝင်းအောင်၊ ဦးကြည်ဝင်း၊  ဦးရဲထွန်းမြင့်၊ အတွင်းရေးမှူး ရဲမှူးခင်မောင်ဆန်းနှင့် မြို့မိ/မြို့ဖ ဦးဌေးအောင်က ဝေါမြို့ ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ယိမ်းအက အဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်း ပေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့များက မြူမှောင် ဝေကင်း သီချင်းဖြင့် စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြသည်။

ဝေါမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သဘင်၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ ယိမ်းပြိုင်ပွဲများ၊ ဖျော်ဖြေရေးများ၊ စတုဒီသာကျွေးမွေးပွဲများ၊ အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွား ပူဇော်ပွဲများကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)