ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းတွင် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းတွင် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ



MNP - ဧပြီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်းစီစဉ်ကျင်းပသည့် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ငါးခြောက်ကျွန်းကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ခံ ဆရာကြီး ဦးလှကြီးမောင်က ဆုံးမဩဝါဒစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ၄၉ ဦးအား တစ်ဦးချင်းအလိုက် အလှူငွေများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူဟောင်းများနှင့် တက်ရောက်လာကြသူများက တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ အထိမ်းအမှတ် တေးသီချင်းများသီဆို၍ ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူ ဟောင်းများ စုပေါင်း၍ (၂)နှစ်လျှင် တစ်ကြိမ် အာစရိယပူဇော်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရကာ ယခုနှစ်တွင် တတိယအကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကျောင်းသားဟောင်းဖြစ်သူ ဦးသိန်းထိုက်စံထံမှ သိရသည်။

သတင်း - လှိုင်ဝင်းလေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)