ဇလွန်မြို့နယ်တွင် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇလွန်မြို့နယ်တွင် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP - ဧပြီ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင် ညောင်ပင်ဈေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်ဇနီးက ဧည့်သည်တော်များအား မဟာအတာသင်္ကြန်ပန်းကုံးများ ချီးမြှင့်ပေးခဲ့ပြီး ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် မြူမှောင်ဝေကင်းသီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ နှစ်သစ်အကြို အောင်သပြေခက် နှင့် ရေစင်သွန်းလောင်း၍ တီးဝိုင်းအဖွဲ့များက ညနေ ၆ နာရီအချိန်အထိ အဆို၊ အက တေးသီချင်းများဖြင့် ဖျော်ဖြေ၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

သတင်း - ဝေယံ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)