ထန်းတောင်သူများ ထန်းမရာသီစတင်ချိန် ထန်းဖိုထန်းလျှက် ဈေးကောင်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတောင်သူများ ထန်းမရာသီစတင်ချိန် ထန်းဖိုထန်းလျှက် ဈေးကောင်းနေ



MNP - ဧပြီ    ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်း တက်လုပ်ငန်းပြီးဆုံးကာနီးချိန် ထန်းမထန်းတက် လုပ်ငန်းစတင်ချိန် ထန်းလျှက်တစ်ပိသာ ၂၅၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။

ထန်းတောင်သူများသည် ထန်းတက်လုပ်ငန်းများအား ထန်းပိုတွဲလမှစတင်၍ ထန်းလုပ်ငန်း စတင်လုပ်ကိုင်ကြပြီး သီတင်းကျွတ်လတွင် ထန်းရာသီပြီးဆုံးကြောင်း၊ ထန်းတောင်သူများ ထန်းတက်ရာတွင် တန်ခူးလမှစတင်၍ ထန်းဖိုပင်များ စတင်ထန်းတက်ကြပြီး ထန်းဖိုရာသီ ထန်းလျှက်ချက်လုပ်ငန်း နယုန်လတွင် ပြီးဆုံးကြောင်း၊ ထန်းမထန်းတက်ရာသီဖြစ်သည့် နယုန်လမှစတင်ကာ ထန်းမထန်းတက်လုပ်ငန်း စတင်ပြီး သီတင်းကျွတ်လတွင် ထန်းရာသီ လုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ်၊ ကူကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ ထန်းတောင်သူ ဦးအေးဟန်က ပြောကြားသည်။

ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျှက်ရရှိချိန် ထန်းလျှက်ရောင်းချရာတွင် ထန်းရာသီ တလျှောက်ဈေးနှုန်းတူညီမှုမရှိပဲ ပေါ်ဦးပေါ်ဖျားထန်းလျှက် ဈေးနှုန်းမှာ တစ်ပိဿ ၂၀၀၀ ကျပ် စတင်ရောင်းချခဲ့ရပြီး ထန်းလျှက်လှိုင်လှိုင်ပေါ်ချိန် ထန်းပိုတွဲလတွင် ထန်းလျှက် ဈေးနှုန်း ၁၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလေ့ရှိကာ ထန်းမရာသီချိန်တွင် ထန်းလျှက်ဈေးနှုန်း ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ထိရှိကြောင်း တောင်ရှေ့ကျေးရွာ ထန်းလျှက်ချက် (ကျို) နေသည့် ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။

ထန်းတောင်သူလုပ်ငန်းသည် ကရိကထအလွန်များပြားကာ အိမ်ရှိလူကုန်ပင်ပန်းကြ ကြောင်း၊ ထန်းတက်လုပ်ငန်းမစတင်မီအချိန်က ပင်ထန်းတက်လုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်ရသည့် ပစ္စည်းများကြိုတင်စုဆောင်း ပြင်ဆင်ထားရကြောင်း၊ ထန်းလျှက်ချက် လုပ်ရန် ထန်းလျှက်ချက်ဖိုပြုလုပ်ရန် မြေနီ၊ မြေစေးတူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျှက်ချက်ဖို့ လောင်စာကြိုတင်စုဆောင်းထားရခြင်း၊ ထန်းဆွဲမြူအိုကြိုတင် ဝယ်ယူ ထားရခြင်းနှင့် ယင်းဆွဲ၊ ယင်းထောင်၊ ထန်းလှီးအိမ်၊ ထန်းလှီးဓားများ ထန်းစတင် ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထား ရကြောင်းထန်းတောင်သူများက ရှင်းပြသည်။ ထန်းလျှက်တစ်ပိသာရရှိရန် ထန်းဆွဲမြူအိုးငါး လုံးအပြည့်ကျိုချက်မှ ထန်းလျှက် တစ်ပိသာ ရကြောင်းသိရပြီး ထန်းရေထန်းဆွဲမြူအိုးတစ်လုံးလျှင် နှစ်လီတာရှိကြောင်း၊ မနှစ်က ထန်းမရာသီ ထန်းလျှက်တစ်ပိသာ (၂၀၀၀) ကျပ်ရောင်းချရပြီး ယခုနှစ်တွင် (၂၅၀၀) ကျပ် ရောင်းချရခြင်းကြောင့်၊ ထန်းဖိုရာသီပြီးဆုံးကာနီးအချိန် ထန်းဖိုထန်းလျှက်ဈေး ကောင်းနေပြီး၊ ထန်းမထန်းရာသီစတင်ချိန်တွင်လည်း ထန်းလျှက်ဈေး နှုန်းကောင်း နေကြောင်း ထန်းတောင်သူ ဦးအေးဟန်က ပြောသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)