MNP - ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေး စီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန်းညွန့်မောင်က ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံနေကြာ(မိုး/ဆောင်း)အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေး ခဲ့သည်။ ထို့နောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးကျော်နိုင်ဝင်းက ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံနေကြာ(မိုး/ဆောင်း) တွင် လျာထားဧကများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တောင်သူများက ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံ နေကြာ(မိုး/ဆောင်း)တွင် လျာထားဧကများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံနေကြာ(မိုး/ဆောင်း)အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးစီမံကိန်းတာဝန်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များသို့ ပေးအပ်ခဲ့ သည်။ မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုတွင် မိုးနေကြာ ၂၅၁၂ဧက၊ ဆောင်းနေကြာ ၆၀၀၂ဧက စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားရာ မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ဧကမှ သီးညှပ်ဧက ၁၄၆၇ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်း ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - ဇာဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment