နတ်မောက်မြို့နယ် န-လက်ခုပ္ပုင်ကျေးရွာတွင် နှင်းပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ် န-လက်ခုပ္ပုင်ကျေးရွာတွင် နှင်းပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ



MNP -  ဧပြီ   ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န-လက်ခုပ္ပုင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် ဂန္ဓာမာ၊ မေမြို့ပန်း၊ ပန်းတိမ်မနိုင်များစိုက်ပျိုးသည့်အပြင် နှင်းပန်းများလည်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွား ရေးအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က နှင်းပန်းစိုက်ပျိုးရန်အတွက် ပြင်ဦးလွင်မြို့ကနေ ပန်းဉများကို တစ်တင်းလျှင် တစ်သောင်း ကျပ်ဖြင့်ဝယ်ယူပါတယ်၊ ပန်းဥစိုက်ပျိုးရာတွင် တစ်ပင်နဲ့တစ်ပင် ၂ ပေကွာခြား၍ ကျင်းဖွဲ့ဘောင်ခတ်ပြီး စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီး အပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြုကာ အတန်းလိုက်စိုက်ပျိုးရပါတယ်၊ ပန်းဥစိုက်ပျိုးပြီးရင် ရေကိုတော့ အခုလိုရာသီမှာဆိုရင် နှစ်ရက်ခြားတစ်ခါလောင်းပေးရပါတယ်၊ ရွာမှာက လျှပ်စစ်မီးရတယ်လေ ရေမော်တာ ဝယ်ပြီးတော့  ပန်းခင်းထဲကို မြောင်းပေးစနစ်နဲ့ရေသွင်းလောင်းရပါတယ်၊ နှင်းပန်းစိုက်ပျိုးထားတာကတော့ ငါးတင်းစိုက်ပေါ့ဗျာ၊ ပန်းရောင်းတာကတော့သုံးပင်တစ်စီးကို (၂၀၀) ကျပ်ရောင်းရပါတယ်၊  နှင်းပန်း ကြိုက်သူများကတော့ ပန်းခင်းထဲအထိ လာရောက်ဝယ်ယူလျက်ရှိပါတယ်၊ နတ်မောက်မြို့ ယာယီဈေးမှာ လည်း လက်လီ၊ လက်ကားသွားရောက်ရောင်းပါတယ်၊ ပန်းများလှိုင်လှိုင်ပွင့်သည့် ရက်များဆိုလျှင် တစ်နေ့ ရောင်းရ ငွေ (၃၀၀၀၀) ကျပ်ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ်ဟု” န-လက်ခုပ္ပုင် ကျေးရွာနေ နှင်းပန်းစိုက်ပျိုးရောင်းချသူ ဦးကျော်ကိုမှ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - လှဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)