MNP - ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပထမအကြိမ် သာသနာပြုဆရာတော်များ ညှိနှိုင်းဆွေးနွေး ပွဲနှင့် ဩဝါဒခံယူပွဲကို ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပကြောင်း မြို့နယ်သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော်က မိုင်းယောင်းမြို့ သာသနာပြုဆရာတော်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် သြဝါဒခံယူပွဲ ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ သြဝါဒ မိန့်ကြားသည်။
ထို့နောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေက ထေရဝါဒ ဗုဒ္ဓသာသနာ တော်မြတ်ကြီး၏ ဂန္ထဓုရ၊ ဝိပဿနာဓုရ၊ ဓုရနှစ်ဖြာကို ဆက်လက်တည်တံ့ပြန့်ပွားရန်မှာ အကျင့်သီလနှင့် ပြည့်စုံသော သံဃာ့အဖွဲ့အစည်းကြီး တည်ရှိနေရန် လိုအပ်ပါကြောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ညီညွတ်ရန်မှာ ဗုဒ္ဓသာသနာ တော်၏ အသက်သွေးကြောဖြစ်သည့် ဝိနည်း တရားတော်အတိုင်း တည်ရှိကျင့်ကြံရန် လိုအပ်ပါကြောင်း၊ ညီညွတ်သော သံဃာ့အဖွဲ့အစည်း၏ ကြီးကြပ်မှုအောက်တွင် ဝိနည်းအဆုံးအမများကို အယူသီလတူမျှစွာ လိုက်နာကျင့်သုံးနေမှုကြောင့် ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ပါစေကြောင်းစသည့် သာသနာရေးဆိုင်ရာများကို ရှင်းလင်း လျှောက်ထားသည်။
ယင်းနောက် မိုင်းယောင်းသာသနာပြု ငါးဌာနဖြစ်သော ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာ ပြု (မိုင်းယု)ကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဆမ်မိန်း)ကျောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်းတို့မှ ဆရာတော်တို့က သာသနာရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးတော်မူကြပြီး ထေရ ဝါဒ ဗုဒ္ဓသာသနာ ပြု(ဗဟို)ကျောင်း ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။
အခမ်းအနားသို့ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေ၊ ဒုတိယဦးစီးမှူး ဦးရဲရင့် အောင်၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် ဆမ်မိန်း၊ ဝမ်ဇလီလော်၊ မိုင်းဟန်၊ ခိုကဲ၊ ကုက္ကိုပင်၊ စစ်မှုထမ်းဟောင်း ကျေးရွာနှင့် အောင်မြေ ဆည်းဆာကျေးရွာတို့မှ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား မိုင်းယောင်းမြို့၊ အမှတ်(၉)ရပ်ကွက် ဒေါ်နန်းဖောင်း မိသားစုမှအရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment