မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်

 



MNP -  ဧပြီ   ၄

မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ကတ်ပြားရှိ/မရှိ စစ်ဆေး ခြင်းနှင့် ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင် ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို  မင်းလှမြို့အဝင် ညောင်ပင်သာစစ်ဆေးရေးဂိတ်၊ မလွန်တံတား စစ်ဆေးရေးဂိတ်နှင့် စစ္စနို့ကျေးရွာ စစ်ဆေးရေး ဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့က‌ နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မင်းလှမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် တာဝန်ရှိသူများအဖွဲ့က ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဝင်/ထွက်သွားလာမှုတွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ မေးမြန်းခြင်း၊ ကာကွယ်ဆေးထိုနှံပြီးသည့် ဆေးထိုးကတ်ပြားများနှင့် ခရီးသွားလာရာတွင် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)