သရက်ချောင်းမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ကို အေးချမ်း‌ပျော်ရွှင်စွာဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ကို အေးချမ်း‌ပျော်ရွှင်စွာဆင်နွှဲ



MNP  -  ဧပြီ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဒေသအတွင်းမှ ပြည်သူများ ပါဝင်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများအပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှုများနှင့် စည်းကားလျက်ရှိသည်။

အဆိုပါ မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံသီဆို ဖျော်ဖြေနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး ဦးဆောင်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့တွင် ကျင်းပသည့် မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်သို့ ဒေသခံ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းခလိုက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)