ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာ‌တော်အရှင်သူမြတ်အပါး (၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာ‌တော်အရှင်သူမြတ်အပါး (၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်း


MNP - ဧပြီ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီကရွှေမော်‌ဓောစေတီ တော်မြတ်ကြီးရင်ပြင်‌တော်၌ ပဲခူးမြို့နယ်အတွင်းရှိ ဘုရားအမှူးပြုသော သုံးဂိုဏ်းဝင် သံဃာတော် အရှင်သူမြတ်အပါး(၅၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များက ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)