ပိုင်ကျုံမြို့၌ ၆၆/၁၁ကေဗွီ လျှပ်စစ်ဓာတ်အားခွဲရုံ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း (၈၅) ရာခိုင်နှုန်းပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့၌ ၆၆/၁၁ကေဗွီ လျှပ်စစ်ဓာတ်အားခွဲရုံ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း (၈၅) ရာခိုင်နှုန်းပြီးစီး



MNP - ဧပြီ    ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံး၌ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းများ စိတ်အေးချမ်းသာ အဆင်‌ပြေစွာ နေထိုင်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးသည် အလျား(၆၀)ပေ၊ အနံ(၅၀)ပေရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၀၆.၄၆၅၀၀)သန်း ဖြင့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ကုမ္ပဏီမှ တာဝန်ယူ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းတည်ဆောက် ခြင်းလုပ်ငန်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင်(၈၅) ရာခိုင်နှုန်းပြီးစီးဖြစ်‌ကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းအား သက်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက်  တာဝန်ခံ အင်ဂျင်နီယာ ဦးကိုကိုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

၆၆/၁၁ေကဗွီ ဓာတ်အားခွဲရုံမှ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးပြီးစီးပါက ပိုင်ကျုံမြို့ရှိ လျှပ်စစ် ဝန်ထမ်းများတို့မှ စိတ်အေးချမ်းသာစွာ‌ နေထိုင်နိုင်မည့်အပြင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း အဆင်ပြေလွယ်ကူလာမည့်ဖြစ်ကြောင်း သိရသည်။

သတင်း - နော်ခူး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)