မလှိုင်မြို့နယ် အတွင်းဖြတ်သန်းသွားလာသည့် ခရီးသည်များအား နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိ စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ် အတွင်းဖြတ်သန်းသွားလာသည့် ခရီးသည်များအား နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိ စစ်ဆေး



MNP - ဧပြီ    ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသည်မော်တော်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ရှိ /မရှိ စစ်ဆေးကိုယမန်နေ့က မလှိုင်မြို့အဝင် မြင်းခြံ-မလှိုင်လမ်း၊ ပန်းအိုင်ကျေးရွာ မီးသတ်ရုံးရှေ့ဂိတ်၌ ဆောင်ရွက်ခဲ့ပြီး ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)အစား ထောက်ခံစာဖြင့် ခရီးသွားလာ၍မရကြောင်း အသိပညာပေးဆောင်ရွက်ခဲ့သည်။

အဆိုပါနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်လဝက ဦးစီးမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ယာဉ်ပေါ်လိုက်ပါသူခရီးသည်များအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ရှိ /မရှိ စစ်ဆေးခဲ့ပြီး ခရီးသွားလာရာတွင် နိုင်ငံသား စိစစ်ရေးကတ်(မှတ်ပုံတင်)အစား ထောက်ခံစာဖြင့် ခရီးသွားလာ၍ မရတော့ကြောင်း အသိပေး ရှင်းလင်းပြောကြားသည်။ ထို့အပြင် တည်းခိုနေထိုင်ရာ နေရာများနှင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများကိုလည်း ဧပြီလ(၁) ရက်နေ့ စတင်၍ တရားဝင်ထုတ်ပေးထား သောနိုင်ငံသားကတ် (မှတ်ပုံတင်) ဖြင့်သာဆောင်ရွက်ပေးသွားမည်ဖြစ်၍ နိုင်ငံသားကတ် မရရှိသေးသူများအနေဖြင့်မိမိတို့ သက်ဆိုင်ရာ မြို့နယ်ရှိ လဝက ရုံးများနှင့် ဆက်သွယ်၍ အမြန်ဆုံးဆောင်ရွက်သွားရန်၊ မြို့နယ်အသီးသီးတွင် (ပန်းခင်း) စီမံချက်ဖြင့်ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး (၃.၅.၂ဝ၂၁) ရက်နေ့မှ (၃.၁၁.၂ဝ၂၂) ရက်နေ့ အထိဆောင်ရွက်ပေးနေကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့သည်။

သတင်း - အောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)