မြဝတီမြို့၌ ဂုဏပူဇာမင်္ဂလာစူဠဘွဲ့နှင်းပူဇာနှင့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့၌ ဂုဏပူဇာမင်္ဂလာစူဠဘွဲ့နှင်းပူဇာနှင့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး



MNP -  ဧပြီ   ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြဝတီခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကြီးမှူး၍ ဂုဏပူဇာမင်္ဂလာ၊ စူဠဘွဲ့နှင်းပူဇာနှင့် ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားရာ မြဝတီမြို့ဂုဏ်ဆောင် သာသနာတော်ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးတစ်ပါးနှင့် သီလရှင် ဆရာကြီးတစ်ပါးတို့အား ထိုက်တန်စွာ ချီးမြှောက်ပူဇော်သွားမှာ ဖြစ်ပါကြောင်း၊ ပရိယတ္တိသာသနာတော် တိုးပွားလာစေရန်နှင့် သာ့သနာ့ဝန်ဆောင် သံဃာတော်၊ သီလရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံးက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက် ပေးစေလိုပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြဝတီခရိုင် သာသနာရေးမှူးရုံးမှ ခရိုင်သာသနာရေးမှူး ဦးမောင်ဝင်းက အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေး တင်ပြ သည်။

မြဝတီမြို့တွင် သာသနာတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတစ်ပါးနှင့် သီလရှင် ဆရာကြီး တစ်ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း ဂုဏပူဇာမင်္ဂလာနှင့် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲတွင် မြဝတီစာဖြေဌာနမှ ဖြေဆိုအောင်မြင် တော်မူကြသော စာအောင်သံဃာ/ သီလရှင် (၂၄) ပါးတို့အား ချီးမြှောက်ပူဇော်ခြင်း စူဠဘွဲ့နှင်းပူဇာတို့ကို လာခုလာမည့် မေလ ၁ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)