မိုးကောင်းမြို့နယ်အတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား phase ten first doses ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့နယ်အတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား phase ten first doses ထိုးနှံပေး



MNP - ဧပြီ   ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား phase 10 first doses ကို မိုးကောင်းမြို့တော်ခန်းမ ဆေးထိုးစုရပ်၌ ယနေ့ နံနက် (၉)နာရီတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Phase 10 first dose ထိုးနှံရာတွင် ဧပြီလ (၂၆)ရက်ထိ စာရင်းအရ အခြားဝင်ငွေရရှိသော လုပ်ငန်းများလုပ်ကိုင်သူ (၈၁)ဦး၊ စားသောက်ကုန်/ လ္ဖက်ရည်ဆိုင်ရောင်ချသူများ (၄၀)ဦး၊ မှီခို (၄၀)ဦး စုစုပေါင်း (၁၆၁)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးခြင်း၊ အကြိမ်ပြည့်ထိုးနှံထားသူများအား Booster Doses ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင်လည်း phase eight second doses တွင် covaxin ထိုးနှံသည့် အခြားဝင်ငွေရရှိသောလုပ်ငန်း လုပ်ကိုင်သူ (၄)ဦး၊ Booster အဖြစ် Covaxin ထိုးနှံသည့် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၃)ဦး၊ ၁၅ နှစ်နှင့် (၁၈)နှစ်ကြား Sinovac phase 10 first dose ထိုးနှံသည့် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၂)ဦး၊ Booster အဖြစ် Covidshield ထိုးနှံသည့် အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၀၀)ဦး၊ စားသောက်ကုန်လုပ်ကိုင်သူ (၁၀၀)ဦး၊ မှီခို (၆၄)ဦးတို့အား ထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက Covid-19 . ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - သန်းလွင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)