ဖြူးမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှစတင်ကာ အတက်နေ့ထိ စတုဒိသာ ကျွေးမွေးခြင်းများကို ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှစတင်ကာ အတက်နေ့ထိ စတုဒိသာ ကျွေးမွေးခြင်းများကို ဆောင်ရွက်



MNP - ဧပြီ    ၁၆

မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အကြိုနေ့မှစတင်ကာ အတက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ကာ ဌာနဆိုင်ရာများအနေဖြင် စတုဒိသာကျွေးမွေးခြင်းများကို ဆောင်ရွက်လျှက်ရှိနေကြောင်းနှင့် ယနေ့သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်နေ့နံနက်ပိုင်းတွင် ဆက်လက် ကျွေးမွေးနေကြောင်းသိရသည်။

ထိုသို့ စတုဒီသာကျွေးမွေးရာတွင် ဌာနဆိုင်ရာအလိုက်နှင့်အလှူရှင်များက သင်္ကြန်မြန်မာ့ရိုးရာ အစားအစာများကို ရက်အလိုက် ကျွေးမွေးနေလျှက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း  မဟာသင်္ကြန်ပွဲတော် အတာရေသဘင်ပက်ဖျန်းခြင်းကို အေးချမ်းမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိကြောင်း သိရသည်။

သတင်း - နေမျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)