MNP - ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မဟာသက္လြန် အတက်နေ့၌ အင်းစိန်မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များနှင့် မြို့နယ်ခန်းဗဟိုရေကစား မဏ္ဍပ်တို့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များနှင့် မြို့နယ်ခန်းမ ဗဟိုရေကစားမဏ္ဍပ်တို့တွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အကအလှ တေးသံသာများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပြည်သူများ ရေကစားခြင်းများဖြင့် ပျော်ရွင်စွာ စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း - ဇွဲထက်ကို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment