မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်နေ့များ၌ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသို့ လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်နေ့များ၌ ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသို့ လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကား

 



MNP - ဧပြီ    ၁၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပင်လယ်ကမ်းခြေသို့ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်နေ့များ၌ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် လျက်ရှိရာ အဆိုပါကမ်းခြေတစ်လျောက် ရေကစားသူများ၊ အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကားများ ပြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ သင်္ကြန်ကာလပိတ်ရက်ရှည်နေ့များ၌ အပန်းဖြေလာရောက်ကြသူများမှာ ရမ်းဗြဲမြို့ နယ်၊ ဇင်ချောင်းမြို့နယ်၊ မအီမြို့နယ်စသည့် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များမှ ပြည်သူ များနှင့် ရန်ကုန်၊ မန္တလေးစသည့်ပြည်ပမှ ခရီးသွားဧည့်သည်များဖြစ်ကာ ၎င်းတို့မှာ အဆိုပါ ကမ်းခြေတစ်လျှောက်တွင် ဘောလုံးကန်ကြသူများ၊ ရေကူးကြသူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်ကြသူများ၊ ဓာတ်ပုံမှတ်တမ်း ဗီဒီယိုရိုက်ကူးကြသူများ၊ ရေဆော့ကစား ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါ ကျောက်ဖြူပင်လယ်ကမ်းခြေတွင် ဒေသခံပြည်သူများမှာ နံနက်စောစောထလမ်းလျှောက်ခြင်း၊ ကျန်းမာရေးအားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ညနေပိုင်းတွင် လူငယ်များ သဲသောင် ပြင်ဘောလုံးအားကစားပြုလုပ်ခြင်း၊ ရေကူးခြင်း၊ စွန်လွှတ်ခြင်းတို့အပြင် မိသားစု အပန်းဖြေရာ နေရာတစ်ခုလည်းဖြစ်ရာ ယခုအခါ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည် နေ့များဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိပြီး အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 

မြန်မာနေရှင်နယ်ပို့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)