ဝမ်းတွင်းမြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံ

 




MNP -  ဧပြီ   ၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းကသက်ဆိုင်ရာစုရပ်များနှင့် မြို့အဝင် ဂိတ်တို့တွင်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ယခုလို Covid19ရောဂါကာကွယ်ဆေးများ ရပ်ကွက်/ကျေးရွာများအရောက် ထိုးနှံပေးခြင်း၊ သတ်မှတ်ထားသော စုရပ်များနှင့်မြို့အဝင်ဂိတ်တို့၌ ထိုးနှံပေးရာတွင်မြို့ပေါ် ရပ်ကွက်/ ကျေးရွာအုပ်စု များရှိအသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့ နယ်အနေဖြင့်ယမန်နေ့ နံနက်တွင် FirstDoseအဖြစ်(၈၅၈)ဦး၊ SecondDoseအဖြစ် (၅၉၄)ဦး၊Booster Dose(၂၁၀)ဦး၊ ဒေသခံ ပြည်သူ စုစုပေါင်း(၁၆၆၂)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဝမ်းတွင်မြို့နယ်အနေဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများ ထိုးနှံပေးခြင်းများကို သက်မှတ်ထားသောကျေးရွာ၊ စုရပ်များအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများအောင်မြင် စေရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့်ဒေသခံပြည်သူများကပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

သတင်း - ဌေးလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)