MNP - ဧပြီ ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မိုင်းယုမြို့ ဒေသသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ ဆွမ်းဆန်တော်များကို လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဝမ်ဖောဘုန်းကြီးကျောင်းသို့ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းရာသို့ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင် တို့မှ စုပေါင်း လှူဒါန်းသည့် ငွေကျပ် တစ်သိန်းခန့်တန်ဖိုးရှိ ဆန်အိတ်၊ ဆီ၊ ဆားနှင့် အခြားလှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။
ယင်းဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းမှုကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကော်မတီအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း ဒေသတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းစီအတွက် လကုန်ရက်တိုင်း သွားရောက်ဆက်ကပ်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment