ကျိုက်ထိုမြို့တွင်စတုထ္တနေ့ ဓါတုဗေဒဘာသာရပ်အား ကျောင်းသာ/သူများ အေးချမ်းစွာဆက်လက်ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့တွင်စတုထ္တနေ့ ဓါတုဗေဒဘာသာရပ်အား ကျောင်းသာ/သူများ အေးချမ်းစွာဆက်လက်ဝင်ရောက်ဖြေဆို







MNP ၊ ဧပြီလ  ၄ရက်

၂၀၂၁-၂၂ ခုနှစ်  ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  မတ်လ(၃၁)ရက်နေ့မှ စတင်ဖြေဆိုလျှက်ရှိရာ ယနေ့  ဧပြီ ၄ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန များတွင်  စတုထ္တနေ့အဖြစ် ဓါတုဗေဒဘာသာရပ်အား ကျောင်းသား/သူများက အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း သိရှိရသည်။

ကျိုက်ထို မြို့နယ်အနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့သိပ္ပံဘာသာတွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေး သွင်းထားသူ(၉၇၂)ဦးရှိပြီး စတုတ္တနေ့ ဓါတုဗေဒဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ( ၈၉၄ )ဦးရှိသည့်အတွက် ဖြေဆို ရာခိုင်နှုန်းမှာ (၉၁.  ၉၈)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူထံမှသိရှိရသည်။

ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်သက်ဆိုင်ရာ  ပူး ပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင်   လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)