တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင် ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျန်းမာရေး၊ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ကူညီဖြည့်ဆည်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင် ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျန်းမာရေး၊ လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ကူညီဖြည့်ဆည်းဆောင်ရွက်



MNP - ဧပြီ    ၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ဓာတုဗေဒဘာသာရပ်ကို စာစစ်ဌာန(၄)ခုတို့တွင် စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက စာစစ်ဌာနအလိုက်စာ‌ မေးပွဲဖြေဆိုရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာ‌ရေးဝန်ကြီးဌာနမှထုတ်ပြန် ထားသည် ကိုဗစ်-၁၉‌ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီဆရာ၊ ဆရာမများက ကိုယ်အပူချိန် တိုင်းတာခြင်း၊နှာ‌ ခေါင်းစည်းမတ်များတပ်ဆင်‌ စေခြင်း၊ လက်သန့် ဆေးရည်စသည့်ကျန်းမာ‌ ရေးစောင့်ရှောက်မှုလုပ်ငန်းများ‌ ဆောင်ရွက်ခြင်း၊ လုံခြုံရေးကိစ္စ ရပ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လုံခြုံရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းလုံခြုံစွာ ဖြေဆိုနိုင်ရန် ကျောင်းဝန်းလုံခြုံရေး ကိစ္စရပ်များ၊ အထိတ်တလန့် ဆူညံခြင်းများ မဖြစ်ပေါ်စေရေး တာဝန်ယူ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများကို တွေ့ဆုံ၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက် ထားသည့် ကျောင်းသား ကျောင်းသူဦးရေမှာ ကျား၆၉၃ ဦး၊ မ ၉၅၁ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၆၄၄ဦး ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)