သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်



MNP - ဧပြီ   ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ယမန်နေ့ ညပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့သည်။

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မြို့နယ် မီးသတ်ဦးစီးမှူးမှ ဦးဆောင်၍  မီးသတ်မော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်း လှည့်လည် နှိုးဆော်ခြင်းနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များအား ၂၄ နာရီ ဂျူတီချထား ဆောင်ရွက် ထားကြောင်း၊ ခိုင်ခံ့သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ ပြည့်စုံစွာထားရှိကြရန်၊ မီးဖိုများကို မြေကျင်းတူး၍ အကာအရံဖြင့် ချက်ပြုတ်ကြရန်နှင့် မီးဖိုအနီး လူစောင့်အမြဲရှိရန်၊ သုံးစွဲပြီး မီးများကို စနစ်တကျငြှိမ်းသတ်ရန်၊ ဟောင်းနွမ်း၊ ပျက်စီး၊ ချို့ယွင်းနေသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များနှင့် လျှပ်စစ်မီးဖို၊ ဂတ်စ်မီးဖိုများကို အသုံးမပြုရန်၊ ယာဉ်ပိုင်ရှင်များ အနေဖြင့် မိမိတို့၏ မော်တော်ယာဉ်ပေါ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အတွက် မီးသတ် ဆေးဘူးများ ဆောင်ရွက်ထားရှိရန်နှင့် အမှိုက်များအား စည်းကမ်းမဲ့မီးရှို့ခြင်း မပြုလုပ်ကြရန်၊ ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်ရမည့် ဖုန်းများ ကြိုတင်ဖြန့်ဝေပြီးဖြစ်ကြောင်း၊ မိမိတို့ နေအိမ်များတွင် သဲအိတ်၊ ရေအိတ်၊ မီးချိတ်၊ မီးကပ်များကို မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ပူပြင်းခြောက်သွေ့သောရာသီဖြစ်၍ လမ်းလျှောက်လျှင် ဆေးလိပ်သောက်ခြင်းမပြုရန် လိုက်လံ အသိပေး နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်လွင်ဦးထံမှ သိရသည်။

သတင်း - သန့်ဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)