ဆင်ပေါင်ဝဲမြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ နေကြာသီးနှံ စိုက်ပျိုးရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ



MNP - ဧပြီ    ၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းအချိန်က ညံတောအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နေကြာသီးနှံစိုက်ပျိုးရေးအတွက် ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့ သည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ "ဆင်ပေါင်ဝဲမြို့နယ် အနေဖြင့် နေကြာသီးနှံ စိုက်ဧကပြည့်မီ ရန်အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစား အားလုံးတွင် တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ မျိုးစေ့များအား အခမဲ့ဖြန့်ဝေ ပေးနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိပြီးဖြစ်‌ကြောင်း၊ ညံတောအင်းကျေး ရွာအနေဖြင့် မကြာမီကာလအတွင်း မြစ်ရေတင် စီမံကိန်းဖြင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိတော့မည်ဖြစ်သည့်အတွက် နေကြာသီးနှံအား အထူး အလေးထား စိုက်ပျိုး ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသိ ပညာပေးခြင်း လုပ်ငန်းများကို တောင်သူများ တတ်သိနားလည်သည်အထိ ‌ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း" စသည် ဖြင့် ပြောကြားသွားပါသည်။

ထို့နောက်  တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)