စစ်ကိုင်းမြို့တွင် နေကြာမျိုးစေ့ထုတ်လုပ်ရေးနှင့်အထွက်နှုန်းတိုးတက်ရေးဝန်ထမ်း/တောင်သူ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် နေကြာမျိုးစေ့ထုတ်လုပ်ရေးနှင့်အထွက်နှုန်းတိုးတက်ရေးဝန်ထမ်း/တောင်သူ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်

          

MNP - ဧပြီ    ၄

စစ်စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ နေကြာမျိုးစေ့ထုတ်လုပ်ရေးနှင့် အထွက်နှုန်း တိုးတက်ရေး ဝန်ထမ်း/ တောင်သူ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါရုံးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းက မိုးနေကြာထုတ်တောင်သူများအနေဖြင့် စိုက်ပျိုးရေ ရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးရာ နေကြာသီးနှံသည် ရက်ပေါင်း ၃၀-၄၀ တွင် အစိုဓာတ် လုံလောက် စွာရရှိမှသာ မျှော်မှန်းအထွက်နှုန်ရရှိနိုင်ပြီး မျိုးစေ့ကောင်ရနိုင်မည်ဖြစ်ကြောင်း၊ ဖြည့်စွတ်ရေရရှိရေး အတွက် မြေအောက်ရေတွင်းများ တူးဖော်သုံးစွဲမည်ဆိုပါက မြေအောက်ရေရရှိရေး အကောင် အထည် ဖော်မည့် ဆက်စပ်ဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဆွေးနွေးပေး ခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက မျိုးစေ့ထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းပညာ ကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ မိုးရာသီ မိုးနေကြာထုတ်ဧက(၅၀၀) စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရပြီး တက်ရောက်လာသည့် တောင်သူ များအား နေကြာမျိုးစေ့များကို လက်တွေ့ပြသပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပိုစ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)