ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ပညာပေးဆွေးနွေး



MNP - ဧပြီ    ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က ဦးဆောင်ကာမြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် တမာတကေကျေးရွာရှိ ဓမ္မရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က “ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံရေးနှင့် ရာနှုန်းပြည့်ထိုးနှံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စန်းက “ကျေးရွာလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးနှင့် လောင်းကစားမှုပပျောက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မိုးလွင်က “ဆီထွက်သီးနှံနေကြာ သီးသန့် စိုက်ပျိုးရေးအကြောင်း” ခေါင်းစဉ်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်က “စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုများအကြောင်း” စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးအသိပညာပေး ဆွေးနွေးပေးသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင် သည့် ဌာနများက ပညာပေးပြောကြားပြီး၊ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိ လိုသည်များကို ပြန်လည်တင်ပြရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်း - စိုးမိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)