ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက်ဆက်လက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက်ဆက်လက် ကွင်းဆင်းဆောင်ရွက်



MNP - ဧပြီ   ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့်ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လနှင့်အထက်၊ အသက် (၅၀)နှစ်ပြည့်သည့်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမင်္ဂလာဈေး ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်ရှိရပ်ကွက်(၂၂)ရပ်ကွက်တွင် သတ်မှတ် အုပ်စုများအလိုက်၊ ရဟန်း၊ သံဃာများနှင့်ပြည်သူများအားစည်းရုံးခေါ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုတစ်ဦး တစ်ယောက်မကျန်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သူများက ဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ဆေးထိုးနှံရန်လာကြသူများကိုအဆင်ပြေချော်မွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကို သာဆေးထိုးပြီးမိနစ်(၃၀)အကြာစောင့်ဆိုင်းပြီး ပြန်လည် ထွက်ခွာခွင့်ပြုကြောင်းသိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)