အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားတက်ရောက်






MNP ၊ ဧပြီ ၂၅

လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်တွင် အချိန်များကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အားကစားနည်း အလိုက် နည်းစနစ်မှန်ကန်စွာ သိရှိတတ်ကျွမ်းလာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ်အားကစား မောင်မယ်များ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစား သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီးကိုကိုလွင်နှင့် ဦးကျော်သိန်းဆိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က လူငယ်လူရွယ်များ နွေရာသီအား လပ်ချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ပြီး အားကစားနည်းအလိုက် နည်းစနစ်များမှန်ကန်စွာ သိရှိတတ် ကျွမ်းလာစေရေး၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် အထောက်အကူ ပြုနိုင်ရေး၊ လူတစုအားကစားမှ ပြည်သူတရပ်လုံးပါဝင်သော လူထုအားကစား ဖြစ်ပေါ်လာစေရေးတို့အပြင် အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ အားကစား ဆောင်ရွက်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာစေရန်ဖြစ်ကြောင်း၊ ဒီသင်တန်းများကအစပြုပြီး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဦးဆောင်ပေးနိုင်သည့် အကျင့်စာရိတ္တ ကောင်းသည့် လူငယ်များ၊ အချိန်လေးစားသည့် လူငယ်များ၊ စည်းကမ်း လိုက်နာသည့် လူငယ်များ၊ သန့်ရှင်းမျှတ သည့် စိတ်ရှိသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်သွားမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား/ သင်တန်းသူများ အားကစားပြုလုပ်ခြင်းကို ဝါသနာပါရာ အားကစားနည်း၏ အခြေခံများကို စနစ်တကျသင်ကြား ပေးရန်ဖြစ်ကြောင်း၊ အားကစားနည်းဖြင့် အားကစား လူရည်ချွန်များ၊ စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများ ဖြစ်အောင် နွေရာသီအားကစား  သင်တန်းများမှ တဆင့် လူငယ်များကို ပြုစုပျိုးထောင်ပေးရေးဆိုသည့် ကောင်းမွန်သော ရည်ရွယ်ချက်များကို အကောင်ထည် ဖော်အောင်မြင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အားကစားစစ်ကြောင်းမှူး ဦးရဲအောင်ကဦးဆောင်၍ သင်တန်းသား/ သင်တန်းသူများက အားကစားအဓိဌာန်များကို ရွတ်ဆိုကြသည်။


ယင်းနောက် အားကစားသရုပ်ပြအဖွဲ့များက သက်ဆိုင်ရာအားကစားနည်းများအလိုက် သရုပ်ပြ ဖျော်ဖြေကြ သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  မြို့နယ်(၈) မြို့နယ် အတွက် အားကစားပစ္စည်းများနှင့်  အားကစားသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ပေး အပ်ရာ သက်ဆိုင်ရာမြို့နယ်များမှ တာဝန်ရှိသူများနှင့် သရုပ်ပြအဖွဲ့များက လက်ခံရယူကြသည်။


နေပြည်တော်တွင် ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများကို မြို့နယ်(၈)မြို့နယ်တွင် ဘောလုံး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ လက်ဝှေ့၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်၊ ဖူဆယ်၊ တင်းနစ်၊ ပြေးခုန်ပစ် စသည့် အားကစားနည်း(၁၃)နည်းတို့ကို တစ်မြို့နယ်တွင် အားကစားနည်း(၇)နည်းဖြင့် သင်တန်းကာလမှ ဧပြီလ(၂၅)ရက်နေ့မှ မေလ (၁၄)ရက်နေ့အထိ(၂၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)