မံစီမြို့၌ လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မံစီမြို့၌ လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်




MNP - ဧပြီ    ၂၅


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ လူငယ်များနှင့် အများပြည်သူများ အားကစားနှင့် ပတ်သက်သည့် အသိပညာများ ရရှိစေရန်နှင့် အားကစားလှုပ်ရှားမှုများမှ ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး ကိုယ်တိုင်ပါဝင်လာကာ အားကစားလှုပ်ရှားမှုမှ ရရှိသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ခံစားရရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်အားကစားမှူး ဦးစိုးဝင်းသန်းက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားကစားကဏ္ဍအရေးကြီးပုံ၊ လူငယ်များနှင့် သင့်လျှော် သည့် အားကစားနည်းများ၊ ယခုကဲ့သို့ နွေရာသီကာလများတွင် လေ့လာလိုက်စားသင့်သည့် အားကစားနည်း အမျိုးမျိုးအကြောင်းနှင့် အားကစားပြုလုပ်ခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးများကို  အကျယ်တဝင့် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို မန်စီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Mansi Page မှ တစ်ဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)