MNP - ဧပြီ ၄
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်အေးချမ်းသာ စွာ ကြည်ညိုဖူးမြော်နိုင်စေရန်အတွက် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိရ သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြှော်ကြည်ညိုနိုင်ရန်အတွက် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်(အစိုးရရုံးပိတ်ရက်)များတွင် နံနက်(၅)နာရီမှ ည(၇)နာရီ အထိ ဖူးမြှော်ချိန် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သောလည်း ရုံးပိတ်ရက်မဟုတ်သည့် ပုံမှန်နေ့ရက်များတွင် နေ့စဉ်နံနက် (၅)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်ထားခဲ့ပြီးဖြစ်ရာ ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်အတွက် မတ်လ ၂၆ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက်(၅)နာရီမှ ည(၈)နာရီအထိ ဘုရားဖူးအချိန် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အများပြည်သူတို့သိရှိနိုင်စေရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က အသိပေးကြေညာထားပြီး ဖြစ်သည်။
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား အများပြည်သူများ ဖူးမြှော်ကြည်ညိုနိုင်စေရန် ဘုရားဖူးချိန်အား ပုံမှန်အတိုင်းဆက်လက် ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ လာရောက်ဖူးမြှော်နိုင်ပါ ကြောင်း သိရှိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment