သီပေါမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်



MNP -  ဧပြီ   ၄  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက  မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်း ကာကွယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ စာအုပ်များရေးသားသော စာရေးဆရာ ဇာဏီဟိန်း (သီပေါ)က မီးခိုးမြူငွေ့များသည်လေထုထဲမှတဆင့် လူသားများ၊ သက်ရှိသတ္တဝါများ၏ အသက်ရှူ လမ်းကြောင်းသို့ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးဆိုင်ရာ ရောဂါများ ဖြစ်ပွားစေတတ်ပြီး အသက်အန္တရာယ်ကိုထိခိုက်စေနိုင်ကြောင်း၊ ပတ်ဝန်းကျင် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင် ကြောင်း၊ သက်ရှိသက်မဲ့အရာအားလုံး၏ ပတ်ဝန်းကျင်သယံဇာတများကို ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများအတွက် နေရာများပျောက်ဆုံးခြင်းစသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ကြောင်း ယခုလိုရာသီအချိန် အခါတွင်တောင်ယာများ စိုက်ပျိုးရန် တောမီးရှို့ခြင်း၊ စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်းများကြောင့် မီးခိုးမြူငွေ့ အန္တရာယ် ဖြစ်ပေါ်တတ်သဖြင့် လူသားအားလုံးပူးပေါင်းပါဝင် ကာကွယ်စောင့်ရှောက်သင့်ပါကြောင်း စသည်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာ ကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)