လူမှုရေးကိစ္စသံသယများဖြင့် လင်မယားချင်းစကားများရာ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူကိုဓားဖြင့်ထိုးရာမှ မိန်းမဖြစ်သူသေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမှုရေးကိစ္စသံသယများဖြင့် လင်မယားချင်းစကားများရာ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူကိုဓားဖြင့်ထိုးရာမှ မိန်းမဖြစ်သူသေဆုံး


MNP ၊ ဧပြီ  ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းက လူမှုရေးကိစ္စသံသယများဖြင့် လင်မယားချင်းစကားများရာ ယောကျာ်းဖြစ်သူက မိန်းမဖြစ်သူကိုဓါးဖြင့်ထိုးရာမှ မိန်းမဖြစ်သူသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာနေ ဦးအုန်းကျော်(၆၂)နှစ်၊ လယ်ယာလုပ်ကိုင်သူသည် ထမင်းစားနေစဉ် တစ်လမ်းတည်းနေသူ သမီးအကြီးဖြစ်သူ မဝါဝါလှိုင်(၃၈)နှစ်၊ အုတ်ဖုတ်/ ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူနှင့် ၎င်း၏ခင်ပွန်း ကိုစိုးပိုင်(ခ) ညီကုတ်(၄၃)နှစ်၊ အုတ်ဖုတ်/ ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်သူတို့သည် လူမှုရေးကိစ္စသံသယများဖြင့် လင်မယားချင်းစကားများ ရန်ဖြစ်သံများကို ကြားနေရကြောင်း၊ ခဏအကြာတွင် ဦးအုန်းကျော်၏ သမီးအငယ်ဖြစ်သူ အော်သံကိုကြားရ၍ ထမင်းစားနေရာမှ လိုက်သွားခဲ့ရာ သမီးအကြီးဖြစ်သူ  မဝါဝါလှိုင်သည် နေအိမ်ဖိနပ်ချွတ်တွင်လဲကျနေသည်ကို တွေ့မြင်ရ၍ မြေးဖြစ်သူကိုမေးမြန်းခဲ့ရာ မြေးဖြစ်သူက ၎င်း၏အဖေနှင့်အမေစကားများရန်ဖြစ်ကြရာ အဖေဖြစ်သူက အမေဖြစ်သူကို  ဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မဝါဝါလှိုင်ကို ဂွမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ရာ မဝါဝါလှိုင်မှာ အရိုးအသွား၁၅ လက်မခန့်ရှိသော ဝါးရိုးတပ်ဓားဦိးချွန်ဖြင့် ဝဲဘက်ဒူးခေါင်းအထက် ပြတ်ရှဒဏ်ရာ(၁)ချက်၊ လက်ယာလက်ပြင်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက် ရကာ ၎င်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ထိုသို့အသက်သေဆုံးအောင် ဓားဖြင့်ထိုးခဲ့သော သမက်ဖြစ်သူအား ဥပဒေအရအရေးယူပေးပါရန် ဦးအုန်းကျော်က တရားလိုပြု တိုင်တန်းခဲ့သဖြင့် ကိုစိုးပိုင်အား ရာဇသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)