မဟာသင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာသင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



MNP - ဧပြီ  ၁၂

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မဟာသင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့ အေးသာယာဂေါက်ကလပ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ကြည်ရင်းနှီးမှုရရှိပြီး ရှမ်းပြည်နယ်အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး ကမ္ဘောဇဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှစတင်ကာ Inter District Golf Tournament ဆိုသည့်ဖလား ဖန်တီးပြီးတော့ တောင်ကြီးမြို့၊ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျကျင်းပခဲ့ပါကြောင်း၊ ယခုအချိန်မှာပထမဆုံးအကြိမ်အနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ပြိုင်ပွဲကို ရှမ်းပြည်နယ်တစ်ဝှမ်းမှ အမျိုးသားအသင်း(၃၁)သင်း၊ အမျိုးသမီးအသင်း(၇)သင်းတို့မှ စိတ်ပါဝင်စားစွာ လာရောက်ယှဉ်ပြိုင်ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး SMOKEBALL ရိုက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေး၍ ပွဲဝင် အားကစားသမားပြိုင်ပွဲ စတင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)