မိုင်းဆတ်မြို့၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ) “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ) “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP - ဧပြီ   ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍  ယနေ့နံနက် (၁၁) နာရီက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင် ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

စာဖတ်ဝိုင်းတွင် စာအုပ်စာပေချစ်မြတ်နိုးသူ ဒေါ်ခင်နွဲ့ရီက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ထဲမှ လူ့တန်ဖိုးဆောင်းပါးတွင် လူတစ်ဦးတွင်ရည်ရွယ်ချက်၊ ရည်မှန်းချက်တစ်ခုထားရှိရန်လိုကြောင်း၊ လူဖြစ်ရတဲ့ရည်ရွယ်ချက်(၃)ခုရှိကြောင်း၊ (၁) လောကကောင်းကျိုးသယ်ပိုးရန်၊ (၂)မိဘဆွေမျိုးလူမျိုးအကျိုးကိုဆောင်ရွက်ရန်၊ (၃) ထိုနှစ်ချက်အောင်ဖို့ရာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်စွမ်းရှိတဲ့သူဖြစ်လာရန် မိမိကိုယ်ကိုမြှင့်တင်ရန်ဆိုသည့် အချက်များဖြစ်ကြောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်မီမီအောင်က “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်မှ လူငယ်တိုင်းဘဝစီမံကိန်းရှိကြရန်လိုကြောင်း၊ လူငယ်တိုင်းအောင်မြင်မှုရရှိရန် ရည်မှန်းချက်ရှိရန်လိုကြောင်း၊ စသည့်အချက်များကို စာအုပ်စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များမေးမြန်းကြရာ  ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - မြင့်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)