MNP - ဧပြီ ၁
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အေရိုးဗစ်သင်တန်း(အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် အေရိုးဗစ်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ်ရေးမှူး ဒေါ်ချိုမာဦးက အေးရိုးဗစ်သင်တန်းတက်ရောက် ခြင်းဖြင့်ရရှိလာမည့် ကျန်းမာရေးအကျိုး ကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နည်းပြဆရာမများဖြစ်သည့် မစန်းနီထွေးနှင့် မဂျူးမြတ်နိုးစံ တို့က အေရိုးဗစ်ကကွက်များ ဆက်လက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ(၁)ရက်နေ့မှ(၁၂)ရက်နေ့အထိ (၁၂)ရက် ကြာ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment