သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယရက်၌ ကျောင်းသားကျောင်းသူ ၉၃.၂၀ ရာခိုင်နှုန်းလာရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယရက်၌ ကျောင်းသားကျောင်းသူ ၉၃.၂၀ ရာခိုင်နှုန်းလာရောက်ဖြေဆို








MNP ၊ ဧပြီ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ နံနက် ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာ ဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့၌ ကျောင်းသားကျောင်းသူစုစုပေါင်း ၉၃.၂၀ ရာခိုင်နှုန်း အေးချမ်းစွာ လာရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန သုံးခုရှိပြီး အထက(၁)သထုံစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၅၂၂ ဦးရှိသည့်အနက် ၄၇၉ ဦး လာရောက်ဖြေဆိုကြပြီး ၉၁.၇၆ ရာခိုင်နှုန်း၊ အထက(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ ၄၁၇ ဦး၊ လာရောက်ဖြေဆိုသူ ၃၉၁ ဦး၊ ၉၃.၇၆ ရာခိုင်နှုန်း၊ အထက(မရမ်းကုန်း) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၁၄၉ ဦး၊ လာရောက်ဖြေဆိုသူ ၁၄၄ ဦး၊ ၉၆.၆၄ ရာခိုင်နှုန်း၊ စုစုပေါင်း သထုံမြို့နယ်အတွင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၁၀၈၈ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၁၀၁၄ ဦး၊ ပျက်ကွက်သူ ၇၄ ဦးရှိပြီး ဖြေဆိုသူ ၉၃.၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)