ကော့ကရိတ်မြို့၌ ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP - ဧပြီ   ၂၅


ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  


ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အဖွင့်အမှာ စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုး ရှိစွာ အသုံးချတတ်စေရန်သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ဌာနမှ လူငယ်လူရွယ်များ အသိ ပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန် အသိပညာပေးဆောင်ရွက်မှုလုပ်ငန်းများ၊ ပြိုင်ပွဲများ ဆောင်ရွက်ပေးနေမှုနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ်က ရှေးဦးသူနာပြုစုနည်းသင်တန်း တက် ရောက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့်မိမိကိုယ်တိုင် ပြုစုစောင့် ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်းနှင့် ကြက်ခြေနီလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး  ဦးစောထူးကပေါ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကြက်ခြေနီအသင်း၏ အခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးရိုစီးခြင်း ရှေးဦးပြုစုနည်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်းအဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက် အကြောဒဏ်ရာများ ကုသနည်း၊  ကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းစသည့် ဘာသာရပ်များကို သင်တန်းသား သင်တန်းသူ(၂၃)ဦးအား စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီ ၂၅ ရက်နေ့ မှ ၂၇ရက်နေ့အထိ ၃ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောအောင်မျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)