မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကျင်းပ

 




MNP -  ဧပြီ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသည့် “ရေကြည်ချမ်းမြ” စာအုပ်ဖြင့်‌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက ဆရာဦးပိုက်က စာဖတ်ဝိုင်း ရေရှည်တည်တံ့ပြီး ဆွေးနွေးမှုများ ပါဝင်ဆွေးနွေးကြစေရေး အဖွင့်ပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က စာဖတ်သူများ မိမိတို့ ဖတ်မှတ်ထားသည်များကို အပြန်အလှန်ဆွေးနွေးခြင်းဖြင့် တစ်ဦး၏အတွေးအမြင် တစ်ဦးသိခွင့်ရပြီး ဗဟုသုတများ တိုးပွားလာစေကြောင်းနှင့် စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့ပြီး စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ Book Club အဖွဲ့ဒု-ဥက္ကဋ္ဌ ဦးစိုးက ဦးဆောင်၍ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင်များအပြင် စာပေစိတ်ဝင်စားသည့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)