ကြည့်မြင့်တိုင် အမှတ်(၃) ဒေသကောလိပ်ပရဟိတအဖွဲ့မှ အလှူငွေ၊ စာရေးကိရိယာနှင့် အဝတ်အထည်များလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြည့်မြင့်တိုင် အမှတ်(၃) ဒေသကောလိပ်ပရဟိတအဖွဲ့မှ အလှူငွေ၊ စာရေးကိရိယာနှင့် အဝတ်အထည်များလှူဒါန်း





MNP - ဧပြီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မဟာဝိသုတာရာမ(ဥယျာဉ်ကြီး) မူလတန်းလွန်ကျောင်းသို့ RC(3) ပရဟိတမောင်နှမများအဖွဲ့က အလှူငွေ၊ စာရေးကိရိယာနှင့် အဝတ်အထည်များ ငွေကျပ် (၂၁)သိန်းကျော်ကို ယနေ့နံနက် ၁၁ နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မဟာဝိသုတာရာမ(ဥယျာဉ်ကြီး) မူလတန်းလွန်ကျောင်း ပဓာနနာယက ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြားကာ ရေစက်သွန်ချ အမျှအတမ်း ပေးဝေခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင့်တိုင်မြို့နယ် အမှတ်(၃)ဒေသကောလိပ် RC(3) ပရဟိတမောင်နှမများအဖွဲ့၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများမှ အလှူငွေ၊ စာရေးကိရိယာနှင့် အဝတ်အထည်များ ငွေကျပ်(၁၆)သိန်းကျော်နှင့် ကျောင်းကုန်းမြို့နယ်အသင်း (အတွင်းရေးမှူး) ဦးကြည်လွင်(ခ) စိန်ချွန်း+ဒေါ်သီသီဆန်း မိသားစုမှ ငွေကျပ်(၅)သိန်း၊ ဆီ(၁၀)ပိဿာပုံး(၁)ပုံး လှူဒါန်းခဲ့ရာ စုစုပေါင်း ငွေကျပ်(၂၁) သိန်းကျော် လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဟာဝိသုတာရာမ(ဥယျာဉ်ကြီး) မူလတန်းလွန်ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၅၀)ကျော်နှင့် သီလရှင်အပါး (၂၀)ကျော် တက်ရောက်၍ ပညာသင်ကြားလျက်ရှိကြောင်း၊ ထူးချွန်သူများလည်း ပေါ်ထွန်းလျက်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)