ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင် ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင် ပြသ



MNP - ဧပြီ    ၈

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ဘောဂလိမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများ  အသိပညာဗဟုသုတရရှိစေရန်နှင့်  အလွယ်တကူလေ့လာဖတ်ရှုနိုငရန်  ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက  ရုံးရှေ့မြေစိုက်ဘုတ်တွင်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် သစ်တောသစ်ပင်များ ဖြစ်ထွန်းစေခြင်းဖြင့်  ကျေးငှက်တိရစ္ဆာန်များ ထိန်းသိမ်းပေးခြင်း၊ ကျေးရွာ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအားဖြင့်  ဆင့်ပွားရရှိလာမည့် အကျိုးကျေးဇူးများအား  ရရှိခံစားနိုင်ခြင်း၊ ကျေးရွာပတ်ဝန်းကျင်တခွင် စိန်းလန်းစိုပြည်၍  အရိပ်အာဝါသရရှိစေခြင်း၊ ရအစိုဓါတ်ရရှိစေခြင်း၊ ထို့ကြောင့်  စိုက်ပျိုးပြီးသစ်ပင်များ လည်းရှင်သန်စေရေး  ရေလောင်းပေါင်းသင် ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ခြင်းအစရှိသည့်  အသိပညာပေး အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။ 

သတင်း - ကြည်ကြည်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)