မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆို




MNP ၊ ဧပြီ  ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန များ ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ  ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များ နှင့်အညီကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  သမိုင်းဘာသာ ရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုခဲ့ကြ သည်။ 

ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၂) အခြေခံ ပညာ အထက်တန်း ကျောင်း နှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန နှစ်ခုတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၂၀၇)ဦး ရှိသည့် အ နက် သမိုင်း ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၈၃)ဦး နှင့် မ(၁၀၅)ဦး ပေါင်း (၁၈၈) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၀) ဦး၊မ  (၉) ဦး ပေါင်း (၁၉)ဉီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀ ဒဿမ ၈၂) ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ (၉ ဒဿမ ၁၈)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  တက္ကသိုလ် ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူ များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများ ထားရှိကာ ကူညီဆောင်ရွက် ပေး လျက် ရှိကြောင်းသိရသည်။ 


သတင်း - အောင်ကျော်စိန်၊သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)