MNP ၊ ဧပြီ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်း ရင်းသား အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်နှင့် လူသုံးပစ္စည်းများအား တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် လာရောက်ထောက်ပံ့ ပေးအပ် ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကား ပြော ကြားခဲ့ ပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ညွန်ကြားရေးမှူး ဦးသူရိန်ထွန်းက ဆန် နှင့် လူသုံး ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက မြိုတိုင်းရင်းသားအိမ်ထောင်စု(၅၄)စု ရောက်ရှိနေထိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက မြိုတိုင်းရင်းသားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ သည့် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅)သိန်း နှုန်းဖြင့် အိမ်ထောင်စု(၅၄)စုအတွက် ငွေကျပ်(၂၇၀)သိန်း အား ထောက် ပံ့ပေး အပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ညွန်ကြားရေးမှူးက ဆန် (၁၀၆)အိတ်၊ (၁၃) ပြည် ၊(၄)ဘူး နှင့် လူသုံးကုန်ပစ္စည်း(၁၆)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ မောင်တောမြို့နယ် ၊ ကျောက်ပန္ဒူကျေးရွာအုပ်စု ၊ ကျောက်ပန္ဒူအရှေ့ကွင်းတွင် မြိုတိုင်းရင်းသား အိမ် ထောင်စု(၅၄)စု ၊ အမျိုးသား ၁၇၄ ဦး ၊ အမျိုးသမီး ၁၆၅ ဦး စုစု ပေါင်း ၃၄၁ ဦးတို့ လာရောက်နေထိုင် လျှက်ရှိ ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost







No comments:
Post a Comment