သဲကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ(သမိုင်း)ဘာသာအားစာစစ်ဌာန (၂)ခုတွင် ရာနှုန်းပြည့် အေးချမ်းစွာဖြေဆိုပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ(သမိုင်း)ဘာသာအားစာစစ်ဌာန (၂)ခုတွင် ရာနှုန်းပြည့် အေးချမ်းစွာဖြေဆိုပြီးစီး



MNP - ဧပြီ   ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊သဲကုန်း  မြို့နယ်တွင် ယနေ့ နံနက် ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  သမိုင်းဘာသာရပ်ကို စာရင်းပေးသွင်းသူ (၁၆)မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခုတို့၌ ဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်း ( ၁၆ ) ဦးတို့ဖြင့် ရာနှုန်းပြည့်အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့နယ် အတွင်းရှိအ.ထ.က သဲကုန်း စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၁၄ ဦးရှိသည့်အနက် ၁၄ ဦး လာရောက်ဖြေဆိုကြပြီး အ.ထ.က  ပုတီးကုန်းစာစစ်ဌာန၌ စာရင်းပေးသွင်းသူ  ၂ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၂ ဦး၊ ရှိရာ သဲကုန်းမြို့နယ်အတွင်းသမိုင်းဘာသာရပ်အားရာခိုင်နှုန်းပြည့်ဖြေဆိုကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင်ကျောင်းသားကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရပ်မိရပ်ဖများကဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်း - ဝင့်နန္ဒာဌေး 

မြန်မာနေရှင်နယ်ပို့စ်


      


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)