MNP ၊ ဧပြီ ၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လေးဝတီကရာတေးအသင်းတို့ပူးပေါင်း၍ လူငယ်လူရွယ်များ ကာယစွမ်းရည် တိုးပွားစေရေး၊ အားလပ်ရက် အချိန်များကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံကရာတေးဒို သင်တန်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် (၇:၃၀)နာရီအချိန်ကဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းအားလပ်ချိန်တွင် လူငယ်များအနေဖြင့်အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနာဂတ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် ကောင်းမွန်သော အနာဂတ်တွင် တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အားကစားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ ကရာတေးပညာ အခြေခံနည်းစနစ်များအား စနစ်တကျ တက်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း နည်းပြဒေါ်နီလာဝင်းက ပြောသည်။
သင်တန်းတွင် လေးဝတီကရာတေးအသင်းနည်းပြ ဦးအောင်ကျော်ညွန့်နှင့် ဒေါ်နီလာဝင်းတို့မှ သင်တန်းသား/သင်တန်းသူ(၃၀)ဦးတို့အား လက်ခံသင်ကြားပေးနေခြင်း ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ (၈)ရက်နေ့မှ( ၁၂)ရက်နေ့ထိသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment