MNP ၊ ဧပြီ ၈
သထုံခရိုင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က ဆွေးနွေးပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲပြုလုပ်ရာ သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းလင်းစိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှုအဓိပ္ပါယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်စေသည့်အဓိကအကြောင်းအရင်းများ ၊မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးအန္တရာယ်များ ၊မီးခိုးမြူငွေ့လျော့ချရေး အတွက် လက်ရှိ ဆောင်ရွက်နေမှုများကို အကျယ်တစ်ဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း )
https://t.me/MyanmarNationalPost

No comments:
Post a Comment