MNP ၊ ဧပြီ ၉
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်တွင် အခြေခံမဲစာရင်းနှင့်မြေပြင်လူဦးရေစာရင်းပြုစုနေမှု၊ နွေစပါးစံပြရိတ်ကွက်ရိတ်သိမ်းမှုနှင့် ရင်းငြိမ်ရေထိန်းတံခါး နုန်းဆယ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူးခန်းမ၌ ရပ်ကွက်ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၁) ဦးရားဂျား၏ သက်တမ်းသုံးလ ပြည်တော်ရင်စပါးမျိုးနွေစပါးစံကွက်ရိတ်သိမ်းနေမှုကို အားပေးကြည့်ရှုခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ၊ နွေစပါးစံကွက်ရိတ်သိမ်းရာမှာ တစ်ဧက တင်း ၁၄၀ ထွက်ရှိကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရင်းငြိမ်ရေထိန်းတံခါးတွင် နုန်းဆယ်ယူနေခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ကတိုက်ဆည်ရေမှတဆင့် လျာထားချက်နွေစပါးစိုက်ဧက ၁၆၈၀၀ ထက်ကျော်လွန် ဖြန့်ဝေပေးနိုင်ခဲ့ပြီး ယခုနှစ် နွေစပါးစိုက်ဧက ၁၉၀၀၀ ကျော်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost










No comments:
Post a Comment